25 November 2011

MYANMAR NEW

ကာသပတေး, 24 နိုဝင်ဘာ 2011

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အငြိမ်းစားယူမှုအပေါ်အမြင် အမျိုးမျိုး

ဖိနှိပ်တဲ့စစ်အာဏာရှင်အုပ်ချုပ်မှုအောက်မှာ ကာလတာရှည် နာမည်ပျက်နေခဲ့တဲ့မြန်မာနိုင်ငံအပေါ် နိုင်ငံတကာရဲ့အမြင်တွေ ပြန်ကောင်းလာစေဖို့ မြန်မာအစိုးရသစ်ကကြိုးပမ်းနေတဲ့အချိန်မှာ စစ်အစိုးရကို ခေါင်းဆောင်ခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက နောက်ကွယ်မှာနေ နေခဲ့တာ တွေ့ရပါတယ်။ ဒါပေမယ့် မနေ့က ကြာသာပတေးနေ့မှာတော့ မြန်မာအစိုးရပိုင် သတင်းစာတွေထဲမှာ ဦးသိန်းစိန်အစိုးရ တက်လာပြီးနောက်ပိုင်း ပထဆုံးအချိန်အဖြစ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အမည်ရဲ့နောက်မှာ အငြိမ်းစားလို့ ဖော်ပြခဲ့တာ တွေ့ရပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီး ဘယ်လိုထူးခြားမှုတွေရှိခဲ့သလဲဆိုတာကို ဝါရှင်တန်ကနေ သတင်းထောက် William Ide က သတင်းပေးပို့ထားတာကိုတော့ ဒေါ်လှလှသန်းက တင်ပြပေးထားပါတယ်။
သမ္မတအစိုးရသစ် ဦးသိန်းစိန် မတက်လာမီက ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ မြန်မာအစိုးရပိုင် သတင်း မီဒီယာတွေမှာ ထိပ်တန်းက အမြဲပါဝင်နေပြီး နိုင်ငံရေးစနစ်မှာ သူ့ရဲ့အာဏာလွှမ်းမိုးမှုကို မလွတ်တမ်း မီးမောင်းထိုးပြနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိအစိုးရသစ် တက်လာပြီးနောက်ပိုင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့နာမည်ဟာ သတင်းမီဒီယာတွေမှာ ပျောက်ခြင်းမလှ ပျောက်ခဲ့ပြီး ကြာသာပတေးနေ့ နိုဝင်ဘာလ ၂၄ ရက်နေ့၊ မြန်မာ့အလင်းနဲ့ ကြေးမုံသတင်းစာတွေမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေသတင်းကို ရေးသားဖော်ပြထားတာ တွေ့ရပါတယ်။
အရှေ့မျက်နှာဖုံးမှာမဟုတ်ဘဲ အတွင်းပိုင်းမှာ ဖော်ပြထားတဲ့သတင်းကတော့ ကမ္ဘာအေး ပါသဏလှိုင်ဂူမှာ ပင့်ဆောင်ပူဇော်ထားတဲ့ တရုတ်နိုင်ငံက ဗုဒ္ဓစွယ်တော်မြတ်အတွက် အလှူငွေပေးအပ်သူတွေထဲမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ မိသားစုရဲ့နာမည်တွေကို ဖော်ပြထားပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့နာမည်နောက်မှာ ကွင်းစ ကွင်းပိတ်နဲ့ (ငြိမ်း) ဆိုပြီး ဖော်ပြထားတာဖြစ်ပါတယ်။
ရာထူးကနေ တရားဝင်အနားယူသွားပြီဖြစ်တဲ့ စစ်ဘက်နဲ့ အရပ်ဘက်နာမည်တွေနောက်မှာ အဲဒီလိုဖော်ပြလေ့ ရှိတာကြောင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ သူရဲ့ရာထူးကနေ တရားဝင်အငြိမ်းစားယူသွားပြီ ဆိုတဲ့သဘော သက်ရောက်တာဖြစ်ပါတယ်။ စစ်ထောက်လှမ်းရေးဟောင်း အရာရှိလည်းဖြစ်၊ မြန်မာသံအရာရှိဟောင်း တစ်ဦးလည်းဖြစ်တဲ့ ဗိုလ်မှူးဟောင်း ဦးအောင်လင်းထွဋ်က ဒီလို ဗိုလ်ချုပ်မှူးကြီး အငြိမ်းစားယူတဲ့ သတင်း ဖော်ပြမှုဟာ အမေရိကန်ပြည်ထောင်စုကို တနည်းတဖုံ အရိပ်လက္ခဏာပြသရာရောက်တယ်လို့ ဆိုပါတယ်။
“ဘာဖြစ်လို့ အခုမှ အငြိမ်းစားဆိုပြီး ဖော်ပြလဲလို့ ပြောရရင်တော့ ကျနော်တို့ မီဒီယာတွေ အပါအဝင်ပေါ့လေ-ကျနော်တို့အားလုံးပေါ့။ ပြည်ပမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဆက်လက်ပြီးတော့မှ အာဏာကို ချုပ်ကိုင်ထားဆဲ ဆိုတာကို ပြောလာတာတွေ များတဲ့အတွက်ကြောင့်မို့လို့ အခုလို တရားဝင် မဟုတ်ပါဘူး၊ ဒီလို အငြိမ်းစား ယူသွားပါပြီ ဆိုတဲ့ဟာကို ကြေညာတယ်လို့ပဲ ကျနော်တို့ မြင်မိပါတယ်ခင်ဗျ။ အခု ဒီ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ကိစ္စက အမေရိကန်အစိုးရအတွက် မယုံသင်္ကာစရာ ဖြစ်ပါတယ်။ အဓိကအားဖြင့်တော့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လက်ထက်မှာ ကျနော်တို့ မြောက်ကိုရီးယားနဲ့ဆက်ဆံတဲ့ကိစ္စတွေ၊ အဏုမြူကိစ္စတွေ၊ လှိုက်ခေါင်းတူးတဲ့ ကိစ္စတွေ၊ ပေါ်လာခဲ့ပါတယ်။ ဒီ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဗမာ့နိုင်ငံရေးက လုံးဝ မရှိဘူးဆိုတဲ့ ဥစ္စာက သတင်းစာက ဒါ မသိမသာ high light လုပ်လိုက်တဲ့ အနေအထားဖြစ်ပါတယ်”
မြန်မာနိုင်ငံကို နှစ် ၂၀ နီးပါးကြာ  အာဏာရှင်အဖြစ် အုပ်ချုပ်ခဲ့တဲ့ ပုဂ္ဂိုလ်တဦးအတွက် အနားယူတယ် ဆိုတာ ဘယ်လို အဓိပ္ပာယ်မျိုးပါလဲ၊ “Than Shwe: Unmasking Burma's Tyrant,” ဆိုတဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ ကိုယ်ရေး အထုပ္ပတ္တိကို ရေးသားခဲ့သူ ဘဲန်းနက်ဒစ် ရော်ဂျာစ်ကတော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေအနေနဲ့ ဂေါက်သီးပဲရိုက်ပြီး အချိန်ဖြုန်းနေတယ် ဆိုတာကတော့ မဖြစ်နိုင်ဘူးလို့ အခုလို ရှုမြင်ပါတယ်။
“မြန်မာအစိုးရရဲ့ ပြောခွင့်ရသူတဦးက မကြာခင်က ပြောခဲ့တာကို ကိုးကားရမယ်ဆိုရင် ဗိုလ်ချုပ်မှူးကြီးဟာ အများအားဖြင့်တော့ စာဖတ်နေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် သူဟာ ဂေါက်သီးရိုက်တာလည်း ဝါသနာပါ ပါတယ်။ သူ အဲဒီလိုပဲ အချိန်ဖြုန်းနေသလား၊ ဒါမှမဟုတ် တနည်းတဖုံပဲ ပါဝင်ပတ်သက်နေသလား ဆိုတာကတော့ မေးစရာပါ။ နေ့စဉ်ချမှတ်နေတဲ့ ဆုံးဖြတ်ချက်တွေမှာတော့ သူ ပါဝင်ချင်မှ ပါဝင်ချင်မှာ ဖြစ်ပေမယ့် အထူးသဖြင့် စစ်တပ်နဲ့ပတ်သက်လို့တော့ သူ့မှာ လွှမ်းမိုးနိုင်မှု ရှိနေသေးတယ်လို့ ကျနော်ထင်ပါတယ်”
ပါမောက္ခ ဒေးဗစ် စတိုင်းဘတ်ကတော့ ဂျော့ရှ်တောင်း တက္ကသိုလ်က မြန်မာ့အရေး အကဲခတ် ပုဂ္ဂိုလ် ဖြစ်ပါတယ်။ သူကတော့ အာဏာချုပ်ကိုင်ရာမှာ အပြောင်းအလဲတွေရှိတာ တွေ့ရတယ်လို့ အခုလို ပြောပါတယ်။
“ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို ဘယ်သူမှ ဘာမှ စမပြောရဲကြဘူး၊ ကိစ္စတခုခုကို သူကပဲ စပြောတာဖြစ်မယ်လို့ လူတွေက ကျနော့်ကို ပြောခဲ့ကြပါတယ်။ အခုတော့ အဲဒီအခြေအနေဟာ ပြောင်းလဲလာပြီလို့ ဆိုရမှာပေါ့။ ဒီလိုဖြစ်လာတာဟာလည်း သူ့ရဲ့စိတ်အနေအထား ပြောင်းလဲမှု တစိတ်တပိုင်းကြောင့်လို့ ဆိုနိုင်ပါတယ်။ နောက် ဖြစ်နိုင်တာက အာဏာကို ဘယ်သူက ချုပ်ကိုင်ထားသလဲ ဆိုတာကို အသေအချာ မသိနိုင်တဲ့အချက်ပါပဲ။ အခု အာဏာကို မျှကိုင်ထားကြတယ်လို့ မြင်ပါတယ်”
အခုလို အာဏာချုပ်ကိုင်မှု အပြောင်းအလဲနဲ့အတူ ပြုပြင်ပြောင်းလဲမှုတချို့ကို မြင်တွေ့ခဲ့ရတာ ဖြစ်ပါတယ်။ ဒီသီတင်းပတ်မှာပဲ ပြည်ထောင်စုလွှတ်တော်က မြန်မာနိုင်ငံမှာ ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့် ဥပဒေကြမ်းကို ခြွင်းချက်တချို့နဲ့အတူ အင်္ဂါနေ့က အတည်ပြုပေးလိုက်ပါတယ်။ ဒါ့အပြင် ရာဂဏန်းရှိတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ပြန်လွှတ်ပေးခဲ့တာ ရှိသလို အလုပ်သမားသမဂ္ဂတွေ ဖွဲ့စည်းခွင့် ဥပဒေကိုလည်း အတည်ပြုပေးခဲ့ပါတယ်။ ဒါ့အပြင် အခြေအတင် အငြင်းပွားဖွယ်ရာဖြစ်နေတဲ့ တရုတ်နဲ့ဖက်စပ်လုပ်ကိုင်နေတဲ့ မြစ်ဆုံရေကာတာ စီမံကိန်းကို ဖျက်သိမ်းပေးလိုက်တဲ့အပြင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း အစိုးရထိပ်ပိုင်းမှာ ဆွေးနွေးမှုတွေ ရှိခဲ့ပါတယ်။ နိုင်ငံရေးပါတီတွေ မှတ်ပုံတင်ခွင့်ဆိုင်ရာ ဥပဒေပြင်ဆင်ချက်ကိုလည်း အတည်ပြုပေးခဲ့တာ တွေ့ရပါတယ်

24 November 2011

MYANMAR NEW

ကမ္ဘာပေါ်မှာ မြေမြှုပ်မိုင်း အသုံးပြုမှု တိုးပွားလာ


လစ်ဗျားမှာ ကဒါဖီတပ်ဖွဲ့တွေက ဒီနှစ်ထဲ မြေမြှုပ်မိုင်း ထောင်တာတွေ ရှိခဲ့ပါတယ်
ကမ္ဘာပေါ်မှာ မြေမြှုပ်မိုင်း အသုံးပြုမှုဟာ ၂၀၀၄ ခုနှစ် နောက်ပိုင်းက စလို့ များလာခဲ့ ပြီး၊ လွန်ခဲ့တဲ့နှစ်အတွင်း နိုင်ငံ အတော် များများမှာ ပိုမိုသုံးစွဲလာတာကို တွေ့ရှိရ တယ်လို့ မြေမြှုပ်မိုင်း တားဆီးရေး နိုင်ငံတကာအဖွဲ့အစည်း ICBL ရဲ့ နှစ်ပတ် လည် အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။
မြန်မာ၊ ဆီးရီးယား၊ လစ်ဗျားနဲ့ အစ္စရေးနိုင်ငံ တို့ဟာ ပြီးခဲ့တဲ့နှစ်က စလို့ အများအပြား သုံးစွဲလာတယ်လို့ အစီရင်ခံစာက ဆိုပါတယ်။
မြေမြှုပ်မိုင်း တားဆီးရေးအတွက် အသုံးပြုတဲ့ ရန်ပုံငွေဟာ စံချိန်တင် တိုးများလာပေမယ့် လည်း ပြီးခဲ့တဲ့နှစ်က မြေမြုပ်မိုင်းကြောင့် ကမ္ဘာပေါ်မှာ သေဆုံး ဒဏ်ရာရသူပေါင်း ၄၀၀၀ ကျော် ရှိတယ်လို့ အစီရင်ခံစာက ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၁၀ ခုနှစ် အတွင်း မြေမြှုပ်မိုင်း တွေ ထပ်ချတာကို တွေ့ရတယ်လို့ ICBL ရဲ့ ပြောခွင့်ရသူတဦး ဖြစ်တဲ့ မစ္စတာ Loren Persi က ဘီဘီစီကိုပြောပါတယ်။
မနှစ်က မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်း ဒဏ်ရာရသူ အနည်းဆုံး ၂၇၄ ဦးရှိတယ်လို့လည်း သူက ပြောပါတယ်။
ဒါပေမယ့် သူတို့ စာရင်း ကောက်ယူရာမှာ အကန့်အသတ်တွေ အများအပြား ရှိတာကြောင့် ဒီ အရေအတွက် ထက်မက ပိုများနိုင်တယ်လို့ သူက ပြောပြပါတယ်။
အမေရိကန်နိုင်ငံ အနေနဲ့ကတော့ ၂၀၁၀ အတွင်း မြန်မာနိုင်ငံမှာ မြေမြှုပ် မိုင်းကြောင့် ထိခိုက်ရသူ အနည်းဆုံး ၆၀၀ ရှိတယ်လို့ ခန့်မှန်း ထားပါတယ်။
မြေမြှုပ်မိုင်းကို အစိုးရ စစ်တပ်နဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေက အသုံးပြု နေကြတာ ဖြစ်ပြီး၊ ထိခိုက်ခံရသူတွေ ထဲမှာ အများစုက အရပ်သား တွေ ဖြစ်ကြောင်းလည်း သူက ပြောပါတယ်။
ကချင် လွတ်လပ်ရေးကောင်စီ ဒုတိယ အတွင်းရေးမှူး ဗိုလ်မှူးကြီး ရောထုံကတော့ သူတို့ အနေနဲ့ စစ်တိုက်တဲ့ နေရာမှာပဲ မြေမြှုပ်မိုင်းကို သုံးကြောင်း၊ အရပ်သား နေရာ တွေ မှာ တော့ အသုံးမပြုကြောင်း ဘီဘီစီကို ပြောပါတယ်။
ICBL ပြောခွင့်ရ မစ္စတာ Loren Persi ကလည်း အခုလို လက်နက်ကိုင် ပဋိပက္ခ ဖြစ်နေတဲ့ မြန်မာနိုင်ငံမှာ ဖြေရှင်းဖို့ မလွယ်တဲ့ အကြောင်း ပြော ပါတယ်။
ဒီအတွက် မြန်မာအစိုးရနဲ့ လက်နက်ကိုင် အဖွဲ့အစည်း နှစ်ဖက်စလုံးကို မြေမြှုပ်မိုင်း မသုံးဖို့ တောင်းဆိုနေကြတာ ဖြစ်တယ်လို့ သူက ပြောကြား သွားပါတယ်။

MYANMAY NEW

မြန်မာပုဂ္ဂလိကဘဏ်တွေ နိုင်ငံခြားမှ ငွေလွှဲခွင့် ရတော့မယ်


နိုင်ငံခြားရောက်နေတဲ့ သူတွေက မြန်မာနိုင်ငံ ကို တရားဝင် ငွေလွှဲနိုင်တော့မယ်
မြန်မာနိုင်ငံ ဗဟိုဘဏ်ကနေ ပုဂ္ဂလိကဘဏ် ၁၁ ခုကို နိုင်ငံခြားငွေ လဲလှယ် လွှဲပြောင်း ခွင့်တွေ ပေးတော့မှာ ဖြစ်တယ်လို့ သိရပါ တယ်။
နိုင်ငံခြားငွေ လဲလှယ် လွှဲပြောင်းခွင့် ရရှိမယ် ဆိုရင် နိုင်ငံခြားကုန်သွယ်မှုမှာ သက်ဆိုင်ရာ နိုင်ငံ က ဘဏ် တွေနဲ့ တိုက်ရိုက် ငွေလွှဲတာတွေ လုပ်နိုင် တော့မှာ ဖြစ်ပါတယ်။
နိုင်ငံခြားရောက်နေတဲ့ သူတွေကလည်း မြန်မာ နိုင်ငံကို ငွေအလွှဲ အပြောင်းတွေ လုပ်နိုင်မှာ ဖြစ်တယ်လို့ ကမ္ဘောဇဘဏ် ဒုတိယဥက္ကဌ (၂) ဦးသန်းလွင်က ဘီဘီစီကို ပြောပြပါတယ်။
နောက်ပိုင်း ဖြစ်ပေါ်လာမယ့် အစုရှယ်ယာ စျေးကွက်ကိုလည်း အထောက်အကူ ဖြစ်နိုင်တယ် လို့ ဦးသန်းလွင်က ပြောပါတယ်။
ကမ္ဘောဇဘဏ်၊ အာရှစိမ်းလန်းရေး ဖွံ့ဖြိုးမှုဘဏ်၊ ဧရာဝတီဘဏ်၊ မြန်မာ့ရှေ့ဆောင်ဘဏ်၊ မြဝတီဘဏ်၊ အင်းဝဘဏ် အစရှိတဲ့ ပုဂ္ဂလိက ဘဏ် ၁၁ ခုက ခွင့်ပြုချက် ရရှိကြမှာ ဖြစ်ပါ တယ်။
တချိန်တည်းမှာပဲ နိုင်ငံခြားငွေလဲနှုန်း တခုတည်း ဖြစ်ရေးကိုလည်း နိုင်ငံတကာ ငွေကြေး ရန်ပုံငွေအဖွဲ့ IMF နဲ့ ညှိနှိုင်းဆောင်ရွက်နေကြောင်း ဦးသန်းလွင်က ပြောပါတယ်။

MYANMAR VIDEO SONG


22 November 2011

MYANMAR NEW

တနင်္လာ, 21 နိုဝင်ဘာ 2011

တိုင်းရင်းသားလက်နက်ကိုင် ၅ ဖွဲ့နဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့တွေ့ဆုံ

မြန်မာအစိုးရကို နှစ်ပေါင်းများစွာထဲက လက်နက်ကိုင်တော်လှန်နေကြတဲ့ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့ တွေထဲက အဖွဲ့ ၅ ဖွဲ့နဲ့ သမ္မတဦးသိန်းစိန်ရဲ့ ကိုယ်စားလှယ်အဖွဲ့တို့ ပြီးခဲ့တဲ့ စနေ၊ တနင်္ဂနွေရုံးပိတ်ရက်မှာ သီးခြားစီ တွေ့ဆုံခဲ့ကြပါတယ်။ ထာဝရငြိမ်းချမ်းရေးအတွက် အစိုးရကကမ်းလှမ်းတဲ့ အဆင့် ၃ ဆင့်မှာ ပထမအဆင့်က အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရဖို့ဖြစ်ပြီး ဒီသဘောတူညီချက်ရနိုင်ဖို့ ပြည်နယ်အဆင့် ဆွေးနွေးမှုတွေကို ပထမဆုံးလုပ်ရမှာ  ဖြစ်တယ်လို့ ဆွေးနွေးပွဲတွေကို တက်ရောက်ခဲ့သူ ငြိမ်းချမ်းရေး အကျိုးဆောင် ဦးကျော်ရင်လှိုင်က ဗွီအိုအေ မြန်မာပိုင်းကို ပြောပြပါတယ်။ ဒီတော့ ပြည်နယ်အဆင့် ဆွေးနွေးမှုက ဘယ်လိုလဲ၊ ဘယ်အဖွဲ့တွေက ဘာတွေသဘောတူခဲ့သလဲ ဆိုတာကို ဘန်ကောက်ရုံး ရောက်နေတဲ့ မစုမြတ်မွန်က အပြည့်အစုံ အစီရင်ခံထားပါတယ်။
မြန်မာနိုင်ငံမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ စစ်ရေးပဋိပက္ခတွေ အဆုံးသတ်ဖို့ လိုအပ်တယ်လို့ နိုင်ငံတကာက ပိုပြီးဖိအားပေး ပြောလာချိန်မှာ သမ္မတဦးသိန်းစိန်က မီးရထားဝန်ကြီး ဦးအောင်မင်းကို လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေနဲ့ ညှိနှိုင်းဆွေးနွေးဖို့ ကိုယ်စားလှယ်လွှတ်လိုက်တာ ဖြစ်ပါတယ်။ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကချင်ပြည်လွတ်မြောက်ရေးအဖွဲ့ (KIO)၊ ရှမ်းပြည်တပ်မတော် တောင်ပိုင်း (SSA-South) နဲ့ ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ (RCSS)၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP)၊ ချင်းအမျိုးသားတပ်ဦး (CNF) စတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၅ ဖွဲ့နဲ့ ဝန်ကြီးဦးအောင်မင်း ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင်ထဲမှာ သီးခြားစီတွေ့ဆုံစဉ်ခဲ့တာ ဖြစ်ပါတယ်။ ဒီလိုတွေ့ဆုံကြစဉ်မှာ အချက် ၂ ချက်ကို အဓိကထား ပြောခဲ့တယ်ဆိုတာကို ဆွေးနွေးပွဲတွေမှာပါဝင်ခဲ့တဲ့ ငြိမ်းချမ်းရေး အကျိုးဆောင် ဦးကျော်ရင်လှိုင်က ခုလို ဗွီအိုအေကို ရှင်းပြပါတယ်။
“ဦးအောင်မင်းအနေနဲ့ လာတာက အဓိက အကြောင်းအချက် နှစ်ခုပေါ့လေ။ ပထမကတော့ သမ္မတကြီး ဦးသိန်းစိန်အနေနဲ့ တိုင်းရင်းသားတွေနဲ့ပတ်သက်ပြီးတော့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကိုလုပ်ဖို့အတွက် ဖိတ်ခေါ်ထားတယ်။ ဒါကြောင့်မိုလို့ ဦးအောင်မင်းကိုယ်တိုင် သမ္မတကြီးရဲ့ ကိုယ်စားလှယ်အနေနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ငြိမ်းချမ်းရေးစားပွဲကို လာဖို့အတွက် ဖိတ်စာကို ပါးစပ်နဲ့ ကိုယ်တိုင် သမ္မတကြီးကိုယ်စား လာပေး ပေးတယ်ပေါ့၊ ဒါကတစ်ချက်။ နောက်တစ်ချက်က ဘယ်နေရာမှာ ဘယ်လိုတွေ့ကြမလဲ ဆိုတာ။ အဲဒီနှစ်ချက်ကိုပဲ အဓိကထားပြီးပြောပါတယ်။”
အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကြား ထာဝရငြိမ်းချမ်းရေးအတွက် သမ္မတဘက်က အဆင့် ၃ ဆင့်ကို ကမ်းလှမ်းခဲ့ပါတယ်။ ပထမအဆင့်က အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုရယူဖို့၊ ဒုတိယ အဆင့်က သက်ဆိုင်ရာ တိုင်းရင်းသားဒေသတွေမှာ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ဆွေးနွေးသွားမယ်၊ တတိယအဆင့်ကတော့ ပြည်လုံးကျွတ်ပါဝင်တဲ့ ပင်လုံဆန်ဆန် ညီလာခံတစ်ခု နေပြည်တော်မှာ ကျင်းပသွားဖို့ ကမ်းလှမ်းခဲ့ပါတယ်။
အဲဒီထဲကမှ ပထမဆုံး အပစ်အခတ်ရပ်စဲရေး သဘောတူနိုင်ဖို့မှာလည်း အချက် ၄ ချက်ကို သတ်မှတ်ထားပါတယ်။ နံပါတ်တစ်က ပြည်နယ်အဆင့် ဆွေးနွေးမှုတွေလုပ်ဖို့၊ နံပါတ်နှစ်အချက်ကတော့ နှစ်ဘက် ဆက်သွယ်ရေးရုံးတွေ ဖွင့်လှစ်ဖို့၊ နံပါတ်သုံးက ဗဟိုအစိုးရနဲ့ ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်ကြဖို့နဲ့ နောက်ဆုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ထိုးပြီးသွားတာနဲ့ တိုင်းရင်းသား အဖွဲ့တွေကို လက်နက်မကိုင်ဘဲ လွတ်လပ်စွာသွားလာခွင့် ပြုရေးတွေအတွက်ကို သမ္မတကိုယ်စားလှယ်က ရှင်းပြပြီး ဆွေးနွေးခဲ့ကြတာပါ။ SSA တောင်ပိုင်း၊ RCSS ရှမ်းအဖွဲ့နဲ့ CNF ချင်းအမျိုးသားတပ်ဦးတို့ကတော့ ပြည်နယ်အဆင့်ဆွေးနွေးမှုတွေကို လုပ်သွားဖို့ သဘောတူခဲ့ကြပါတယ်တဲ့။
“အဓိက က ဘာလဲဆိုတော့ အပစ်အခတ်ရပ်စဲရေးနဲ့ပတ်သက်ပြီးတော့ ၀န်ကြီး ဦးအောင်မင်း ရှင်းပြတာက ပထမ ပြည်နယ်အဆင့် စည်းဝေးပွဲကိုလာခဲ့ပါ။ အစည်းအဝေးပွဲစတာနဲ့ အပစ်အခတ်ရပ်စဲပြီ။ ဒါအတွက် သက်သက်ကို သဘောတူညီချက်တွေ ဘာတွေ လက်မှတ်ထိုးဖို့ကို မဟုတ်ဘူး။ အစည်းအဝေး စလိုက်တာနဲ့ အပစ်အခတ် ရပ်စဲပြီလို့ နှစ်ဦးနှစ်ဘက် ယူဆလိုက်ကြမယ်။ ပြီးတော့ တကယ်လည်း အပစ်အခတ် ရပ်စဲလုပ်ဆောင်ကြမယ်ပေါ့။ အဲဒီလိုပါ။ အခုဟာကတော့ သဘောတူညီချက် ရတယ်ဆိုတာက ဘာလဲဆိုတော့ အဲဒီပထမအဆင့် အစည်းအဝေးကို လာဖို့အတွက်က ကျနော်တို့ ရှမ်းအဖွဲ့နဲ့ ချင်းအဖွဲ့ကတော့ နေ့ကော ရက်ကော သတ်မှတ်ဖို့အတွက် တော်တော်သဘောတူထားပြီ။
"ကျနော်တို့ KNU အဖွဲ့အနေနဲ့ကတော့ သူတို့ဗဟိုကော်မတီကို ဆက်လက်ပြီးတော့ တင်ပြမယ်။ ရှေ့ဆက်ပြီးတော့ ဒီဆွေးနွေးပွဲကို လာဖြစ်နိုင်အောင် ငြိမ်းချမ်းရေးတွေ ဆက်ပြီးဆွေးနွေးနိုင်အောင်လို့ သူတို့ဦးတည်ပြီးတော့ ဆက်လုပ်မယ်ဆိုတဲ့ ကတိစကားနဲ့ပဲ သူတို့ လောလောဆယ် ပြန်ထားပါတယ်။ ကယန်းအဖွဲ့ကကျတော့လည်း ဒီအစည်းအဝေးနဲ့ပတ်သက်လို့တော့ သူတို့ နောက်ကျမှသိတဲ့အတွက် အသေအချာ မလုပ်ခဲ့ရသေးတဲ့အတွက် သူတို့ သိချင်တာတွေကိုလုပ်ဖို့နဲ့ ပထမဆုံးအစည်းအဝေးကို လာတယ် စကားပြောတယ်ဆိုတာလည်း ဖြစ်အောင်တော့ လာပါတယ်။ ပြီးတော့ သူတို့က သူတို့ရဲ့ ဗဟိုကော်မတီကို ပြန်တင်ပြမယ်၊ နောက်တခါ အစည်းအဝေးလည်း ထပ်လုပ်ချင်ပါတယ်လို့ ပြောသွားတယ်။ KIO နဲ့ပတ်သက်လို့ကတော့ ကျနော်တို့က တခြား အဖွဲ့တွေ၊ အစိုးရရဲ့ ငြိမ်းချမ်းရေးအဖွဲ့တွေကလည်း လုပ်ကိုင်နေတာရှိတဲ့အတွက် ကျနော်တို့က ဒီနေရာမှာတော့ သိပ်ပြီးတော့ ထဲထဲဝင်ဝင် လုပ်ထားတာ မရှိသေးပါဘူး။”
သမ္မတကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးခဲ့တဲ့ ကချင်ပြည်လွတ်မြောက်ရေးအဖွဲ့ (KIO) အတွင်းရေးမှူး ဒေါက်တာ လဂျာရဲ့ တုံ့ပြန်ချက်ကတော့ -
“လက်ဆုပ်လက်ကိုင်ရယ်လို့ မရှိသေးဘူးလေ။ စ တွေ့တယ်ဆိုတာကတော့ စပြီး မိတ်ဆက်တဲ့ သဘောလောက် သူတို့ဆန္ဒပိုင်းနဲ့ အဲဒါကို နည်းနည်း ပြောပြလိုက်တဲ့သဘောလောက် ရှိတယ်။ အဲဒီလိုဆိုတော့ ထပ်တော့ တွေ့ရမှာပေါ့ တွေ့တာကတော့။ အစိုးရဘက်က တွေ့မယ်ဆိုရင်တော့ ထပ်လုပ်ဖို့ရှိတယ်။”
ပြည်နယ်အဆင့် ဆွေးနွေးမှုတွေကို SSA တောင်ပိုင်းနဲ့ RCSS ရှမ်းအဖွဲ့က ဒီနှစ်မကုန်ခင်မှာနဲ့ CNF ချင်းအဖွဲ့ကတော့ ရှေ့နှစ်ဆန်းပိုင်းမှာလုပ်ကြဖို့ ညှိနှိုင်းနေတယ်လို့ သိရပါတယ်။

21 November 2011

CHRISTMAS SONG

MYANMAR NEW

ပြုပြင်ပြောင်းလဲရေး ဆက်လုပ်မယ်လို့ သမ္မတဦးသိန်းစိန်ပြော

U Thein Sein
တည်ငြိမ်အေးချမ်းရေး နဲ့ ဖွံ့ဖြိုးတိုးတက်ရေး ကို အားလုံးက လိုလားတယ်လို့ ဦးသိန်းစိန်က ဆို
မြန်မာ နိုင်ငံ မှာဒီမို ကရေစီ ရေး ပြုပြင် ပြောင်းလဲ မှုတွေ လုပ်သွား ဖို့ သူ့ အစိုးရ သစ်က ကြိုးပမ်း နေကြောင်း၊ ဒါပေမယ့် အနောက် နိုင်ငံ တွေမှာ ကျင့်သုံး တဲ့ ဒီမို ကရေစီ စံနစ် နဲ့ တော့ ထပ်တူ ဖြစ်မှာ မဟုတ် ကြောင်း မြန်မာ သမ္မတ ဦးသိန်းစိန် က ပြော ပါတယ်။
အင်ဒို နီးရှား နိုင်ငံမှာ ကျင်းပခဲ့ တဲ့ အရှေ့ အာရှ ထိပ်သီး အစည်း အဝေးကို တက်ရောက် လာစဉ် သမ္မတ ဦးသိန်းစိန် က မြန်မာ သတင်းထောက် တွေနဲ့ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်း ပွဲမှာ ဒီလို ပြောင်းလဲ မှုတွေ ကို ဖော်ဆောင် နိုင်ဖို့ အတွက် ငြိမ်းချမ်း ပြီး တည်ငြိမ်မှု တွေ ရှိဖို့ လိုကြောင်း၊ ဒါကြောင့်လည်း သူဟာ ဒေါ် အောင်ဆန်း စုကြည် နဲ့ ညှိနှိုင်း ဆောင်ရွက် မှုတွေ ကို လုပ် နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။
မြန်မာ နိုင်ငံမှာ နိုင်ငံရေး အကျဉ်းသား တချို့ကို ပြန်လွှတ် ပေးတာမျိုး၊ ဆင်ဆာ ဖြတ်တာတွေ ကို လျှော့ ပေါ့ပေးတာ မျိုးတွေလို အပြောင်း အလဲ တွေကို တော့ တွေ့ လာရ ပါတယ်။
ဆက်လက်ပြီး သမ္မတ ဦးသိန်းစိန်က လာမဲ့ ရွေးကောက်ပွဲ မှာ ဒေါ်အောင်ဆန်း စုကြည်နဲ့ အမျိုးသား ဒီမို ကရေစီ အဖွဲ့ချုပ် ဝင်ရောက် ယှဉ်ပြိုင်မဲ့ ကိစ္စ ကိုလဲ ကြိုဆို ကြောင်း ပြောလိုက် ပါတယ်။
Ban Ki-Moon
ပြုပြင် ပြောင်းလဲ ရေးတွေ ကို အချိန် မဆိုင်းဘဲ ဆက်လုပ်ဖို့ ဘန်ကီမွန်း ကပြော
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်း ကလည်း မြန်မာ နိုင်ငံ မှာ ခုနောက်ဆုံး ဖြစ်ပေါ် နေတဲ့ အခြေ အနေ တွေနဲ့ ပတ်သက် လို့ ကြိုဆို ကြောင်း ပြောကြား လိုက် ပါတယ်။
ဒါ့အပြင် မစ္စတာ ဘန်ကီမွန်း က မြန်မာ နိုင်ငံဟာ အာဆီယံ ဥက္ကဌ တာဝန် ယူမယ့် ၂၀၁၄ အထိ စောင့် မနေဘဲ နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု တွေ ဝင်ရောက် လာနိုင်အောင် နိုင်ငံရေး ပြုပြင် ပြောင်းလဲမှု တွေ ကို ဆောင်ရွက် သွားဖို့ လိုတယ် လို့လည်း ပြောခဲ့ ပါတယ်။
အခုအခါ မြန်မာ နိုင်ငံ အပေါ် နိုင်ငံ တကာက မျှော်လင့်ချက် တွေ အများကြီး ထားနေပြီး ဒါကို သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ခဲ့စဉ် မှာ ပြောကြား ခဲ့တယ်လို့ မစ္စတာ ဘန်ကီမွန်းက ထုတ်ဖော် ပြောဆို ခဲ့ပါတယ်။

MYANMAR NEW

ဗမာအစိုးရ၏ အောက်တန်းကျသည့် လုပ်ရပ်တွေ အချိန်မနှောင်းမှီ ရပ်တန့်က ရပ်ဖို့ သင့်ပါပြီ။

Naura Shadang
နိုဝင်ဘာ ၁၄၊ ၂၀၁၁

နိုဝင်ဘာ ၁၃ ရက် (တနင်္ဂနွေ) ညက မြစ်ကြီးနားမြို့ သီသာရပ်ကွက်နေ ဦးဒယောင် တန်ဂွန်းနေအိမ်တွင် ဗုံးကွဲမှုကြောင့် ကချင်လူမျိုး အပြစ်မဲ့ကလေးတွေအပါ လူ (၁၀) ဦးသေဆုံးခဲ့ပြီး (၂၇) ဦးဒဏ်ရာ အပြင်းအထန်ရခဲ့ပြီ ဖြစ်သည်။

ဒီအဖြစ်အပျက်မှာ တရားခံဘယ်သူလဲ။ ဘာကြောင့်လုပ်တာလဲ ဆိုတာ ကချင်တမျိုးသားလုံးနှင့် မြန်မာပြည်တွင် နေထိုင်သော အခြားတိုင်းရင်းသား ညီအစ်ကိုများအားလုံး ရှင်းရှင်းလင်းသိသင့်ပါသည်။


ဗမာအစိုးရ ခေတ်အဆက်ဆက် အစဉ်တစိုက် လုပ်လာခဲ့တဲ့ စက်ဆုပ်ရွံရှာဖွယ် လုပ်ရပ်တွေထဲက တစ်ခုကတော့ ယခုလို ကိုယ်တိုင် ဗုံးခွဲပြီး သူတို့ ရှုံ့ချလိုတဲ့ လူပုဂ္ဂိုလ် (သို့) အဖွဲအစည်းတွေကို လက်ညိုးထိုးပြီး အပုပ်ချတဲ့ လမ်းစဉ်ပါပဲ။

ရက်စက် ကြမ်းကျုတ်သည့် ယခုအဖြစ်အပျက်၏ လက်သည်တရားခံမှာ ဗမာအစိုးရ စစ်တပ်သာလျှင် ဖြစ်ကြောင်းကို စဉ်းစားဆင်ခြင်တတ်သူတိုင်း သိနိုင်မည်ဟု ယူဆပါသည်။

ဘာကြောင့်လဲဆိုတာ သိသာထင်းရှားနေသည့် အကြောင်းရင်းရှိနေပါသည်။
၁။       ။ယခုလိုဗုံးခွဲမှုတွေကို သူတို့ကိုယ်တိုင်လုပ်ပြီး နိုင်ငံတကာတွင် ကေအိုင်အေက မိုင်းထောင်၊ ဗုံးခွဲ၊ လူသတ်၊ အကြမ်းဖက်မှုတွေ လုပ်နေပါသည်ဟု ဆိုပြီး မတရားစွပ်စွဲ နိုင်ငံရေး အကောက်ကြံဖို့ ရည်ရွယ်ခြင်းပင် ဖြစ်ပါသည်။

၂။       ။ဇွန်လ (၉) ရက်နေ့ကစပြီး ယနေ့အချိန်ထိ ဖြစ်ပွားခဲ့သော အရေခွံလဲ ဗမာအစိုးရနှင့် ကချင်လွတ်မြောက်ရေး တပ်မတော်တို့ ဖြစ်ပွားတိုက်ပွဲတွင် ဗမာစစ်တပ်မှ ခန်းမှန်းခြေ အနည်းဆုံး စစ်သား တစ်ထောင်နီးပါး ကျဆုံးခဲ့ပြီးဖြစ်သည်ကို သိရသည်။  ထို့ပြင် ကေအိုင်အေကို အရေးပါသည့် တရုတ်နယ်စပ် ကုန်သွယ်ရေး လမ်းမတွေကနေ ဖယ်ရှားပစ်ဖို့ ထိုးစစ်ဆင်ရာ လက်တွေ့တွင် မှန်းချက်နှင့် နှမ်းထွက်မကိုက် ပဲဖြစ်နေပြီး နဂိုသူတို့သိမ်းထားနိုင်သည့် နယ်မြေအချို့ပါ ကေအိုင်အေထံ လက်လွတ်သွားရခြင်းကြောင့် တန်ပြန် ကလဲ့စားချေလိုစိတ်နှင့် ကုလားမနိုင် ရခိုင်မဲ ဆိုသလို ကေအိုင်အေကိုယ်စား အပြစ်မဲ့ ကချင်အရပ်သားများကို တုံ့ပြန်လိုက်ခြင်းသာလျင်ဖြစ်သည်။

၃။       ။တော်လှန်ရေး တိုက်ပွဲဝင်နေသည့် ကေအိုင်အို၊ ကေအိုင်အေနှင့် ကချင်ပြည်သူလူထုကို ဖဲ့ထုတ်စည်းရုံးဖို့ ရည်ရွယ်ချက်နှင့် သူတို့မွေးထားသည့် (အချိန်တန် သတ်စားဖို့) ကိုယ်ကျိုးသမား ဦးဇခုံတိန့်ယိန်းနှင့် ကလိမ်ကကျစ် ဦးလဆန်အောင်ဝါတို့ကို ခြိမ်းချောက်မှုနှင့် ဦးဆောင်စေပြီး ကေအိုင်အေကို နိုင်ငံရေးအရ ထိုးနှက် အပုတ်ချဖို့ လူထုအစည်းအဝေး ပြုလုပ်ရာ အထမမြောက်ခြင်းကြောင့်လည်း မြစ်ကြီးနားမြို့ပေါ်နေ ကချင်ပြည်သူတွေကို အငြိုးအတေးစိတ်နှင့် ကလဲ့စားချေ တုံ့ပြန်လိုက်ခြင်း ပင်ဖြစ်သည်။

နယ်စပ်ဒေသတွင်သာ အခြေစိုက် လှုပ်ရှားနေသည့် ကချင်လွတ်မြောက်ရေး တပ်မတော် ကေအိုင်အေအနေဖြင့် ဗမာအစိုးရ ထိန်းချုပ်နေသည့် မြို့ပေါ်တွင် ယခုလို ဗုံးခွဲ အကြမ်းဖက်မှုကို အလွယ်တကူ ပြုလုပ်နိုင်မည် မဟုတ်ပါ။ အထူးသဖြင့် မကြာသေးခင်ကာလမှစပြီး ဗုံးခွဲမှုတွေ မကြာခဏ ဖြစ်ပွားနေရာ ယခုလို ထင်တိုင်းကြဲနိုင်ဖို့ လက်မရွံ့ ဗမာ့မုဒိမ်းတပ်မတော်သာလျှင် လုပ်နိုင်မည် ဖြစ်သည်။

ဗမာအစိုးရအနေဖြင့် ယခုလုပ်ရပ်ကိုလည်း ကိုယ်တိုင်ကျုးလွန်ပြီး လုပ်မြဲလုပ်စဉ်အတိုင်း တော်လှန်ရေး အဖွဲ့အစည်း ကေအိုင်အို၊ ကေအိုင်အေကို လက်ညိုးထိုး အပြစ်ဖို့အုံးမည်ဟု ယူဆရပါသည်။ ယခုလုပ်ရပ်သည် ဗမာအစိုးရ (ကိုယ်တိုင်ကပဲ သောင်းကျန်းသူဖြစ်ပြီး ) က သောင်းကျန်းသူဟု စွပ်စွဲနေသည့် ကေအိုင်အေ လက်ချက်မဟုတ်ကြောင်း ကို သာမန် အသိဥာဏ်ရှိတဲ့လူတိုင်း ရှင်းရှင်းလင်းလင်း သိနိုင်ပါသည်။

ဘာကြောင့်လဲဆိုတော့
၁။       ။ကေအိုင်အေသည် မိမိတို့ကချင်ပြည်နယ်သူ၊ ပြည်နယ်သားများကို ကာကွယ်ဖို့နှင့် ကချင်ပြည်နယ် လွတ်လပ်ရေးအတွက် ကျုးကျော်ရန်လိုသူ ဗမာနယ်ချဲ့အစိုးရကို တော်လှန်နေသည့် အဖွဲ့အစည်းပင်ဖြစ်သည်။

၂။       ။အထက်ပါအချက်ကြောင့် ကေအိုင်အေသည့် ဘယ်သောအခါမှ မိမိတို့၏ ကချင်ပြည်သူတွေကို သတ်ဖြတ်မည် မဟုတ်ပါ။ အထူးသဖြင့် အပြစ်မဲ့ ကလေးသူငယ်တွေကို ရက်ရက်စက်စက် လူမဆန်စွာ သတ်ဖြတ်စရာအကြောင်း ပို၍ပင် မရှိပါ။

၃။       ။ကချင်လူမျိုးတို့သည် ၉၉ ရာခိုင်နှုန်း ခရစ်ယာန်များဖြစ်ကြသည်။ အထူးသဖြင့် ရန်သူကို မေတ္တာထားနိုင်ဖို့ ချစ်တတ်ဖို့ ဘာသာတရားသွန်သင်ခြင်း ခံရသူများဖြစ်သည်။ ရက်စက်တတ်သည်ဟု ဆိုနိုင်သည့် စစ်သားများပင်လျင် တိုက်ပွဲမရှိပါက တနင်္ဂတွေနေတိုင်းလိုလို ဘုရားကျောင်းသွား၊ ကျမ်းစာဖတ်သူများဖြစ်သည်။ အထက်ညွှန်ကြားမှုမရှိလျှင် နည်းလမ်းမကျသောလုပ်ရပ်၊ လူအများ လက်မခံနိုင်သည့် လုပ်ရပ်များကို ကိုယ့်ပိုင်စိတ်ဆန္ဒနှင့် မလုပ်တတ်ကြပါ။

၎။       ။ရက်စက်ကြမ်းကျုတ်သည့် ယခုလုပ်ရပ်သည် ခရစ်ယာန်တို့ ၀တ်ပြုကိုးကွယ်ရာနေ့ တနင်္ဂနွေနေ့တွင်ပင် ဖြစ်ပွားခဲ့ပါသည်။ ကချင်လူမျိုးတို့သည် ခရစ်ယာန်ဘာသာဝင်ပြောင်းလဲသည့် နောက်ပိုင်း ရိုးရာပုံပြင်တွင် ဆန်စပါးကို သေစေခဲ့သည်ဆိုပြီး တွေသည့်နေရာတွင် သတ်လေ့ရှိသည့် ပုတ်သင်ညိုကိုပင် တနင်္ဂနွေနေ့ဆိုလျှင် ချမ်းသာပေးပါသည်။

ယခုဗုံးခွဲသတ်ဖြတ်မှုသည် လူအများနေထိုင်သည့် မြို့ပေါ်မှာ ဖြစ်ပျက်လိုသာ ပြည်သူအများ သိနိုင်ခြင်းဖြစ်ပါသည်။ လူမသိ သူမသိ တောတွင်မှာ ဗမာအစိုးရမှ တိုင်းရင်းသားတွေကို ထင်တိုင်းကျဲ သတ်ဖြတ်ခဲ့မှုတွေကိုတော့ အခြားလူတွေအနေဖြင့် ပုံပြင်လိုသာ ထင်ကြမည်ဖြစ်ပါသည်။ “တိုင်းရင်းသား နယ်စပ်ဒေသမှာ ဗမာစစ်သားတွေက သာမန်အရပ်သားတွေကို သတ်ဖြတ်၊ အမျိုးသမီးတွေကို ကိုယ်ဝန်သည်ပါ မချန် မုဒိန်းကျင့်နေပါသည်” ဟု မှန်ကန်သည့်အတိုင်း စာမတတ်၊ ဗဟုသုတနတ္ထိ၊ ရေဒီယို နားမထောင်၊ Coke နှင့် ရေခဲရေတောင် မရှိသည့် အညာဒေသက ဗမာအဖွားကြီး တစ်ယောက်ကို ပြောပြမည်ဆိုလျှင် ဆေးပေါလိပ်ကြီး ခဲပြီး “အေး… ဒါကြီးတော့ မဖြစ်နိုင်ပါဘူးအေ… တို့ဗမာစစ်သားတွေ အဲလိုတော့ လုပ်မှာ မဟုတ်ပါဘူးလေ…” လို့ ပြန်ပြောမည် ဆိုတာကိုတော့ သေချာပေါက် သိပါသည်။ ဘာကြောင့်လဲ ဆိုတော့ စာရေးသူကိုယ်တိုင် ကြုံခဲ့ဖူးလို့ပါ။

ယခုလို အဖြစ်အပျက်တွေကို ထောက်ရှု့ခြင်းအားဖြင့် ဗမာအစိုးရသည် မြို့ပေါ်တွင် နေထိုင်သော ကချင်လူမျိုးများကို ဓားစာခံအဖြစ် သဘောထားပြီး အချိန်မရွေး အန္ဒရာယ်ပြုဖို့ အဆင့်သင့်ရှိကြောင်း ထင်ရှားပေါ်လွင်နေပြီဖြစ်သည်။

ဒါပေမယ့် လူမျိုးတစ်မျိုးကို အကြမ်းဖက်နည်းနှင့် အမျိုးပြုတ်ရှင်းနိုင်ဖို့ဆိုတာ ယနေ့ခေတ်မှာ မဖြစ်နိုင်တော့ပါ။ အထူးသဖြင့် တစ်ခါသေဖူး ပျဉ်ဖိုးနားလည်ပြီဖြစ်တဲ့ ကချင်လူမျိုးတွေကို ထင်တိုင်းကြဲနိုင်မည် မဟုတ်ဘူးဆိုတာကို သတိပေးချင်ပါသည်။ ကချင်လူမျိုးတွေရဲ့ နာကြည်းဒေါသတွေ အထွတ်အထိပ် မရောက်ခင် ဗမာအစိုးရရဲ့ မတရား ညစ်ပတ်တဲ့ လုပ်ရပ်တွေ ရပ်တန့်ကရပ်ဖို့ သင့်ပါပြီ။  

သံသရာ ဆိုတာနှင့် ၀ဋ်ဆိုတာကို နားလည် လက်ခံထားတဲ့ ဗမာလူမျိုးတွေအနေဖြင့် စဉ်းစားကြည့်ပါ။ တနေ့ တိုင်းရင်းသားတွေကို သွေးကြွေး ဆပ်ရမည်ဆိုလျှင်………..

မှတ်ချက်။        ။ယခင်က တိုင်းရင်းသားတွေကို နှိပ်စက်နေသည်မှာ ဗမာအစိုးရနှင့် စစ်တပ်သာလျှင်ဖြစ်ပြီး ဗမာပြည်သူတွေ မပါဟု ကျွန်ုပ်တို့ ကချင်လူမျိုးများ ယူဆခဲ့ပါသည်။ သို့သော်လည်း ယခုအခါတွင် အစိုးရနှင့် မပတ်သက်သည့် သာမှန်ဗမာလူမျိုးများလည်း တိုင်းရင်းသား မုန်းတီးစိတ် အမြစ်တွယ်နေတာကို အင်တာနက် Web Page ပေါ်က သတင်းတွေနဲ့ မှတ်ချက်တွေကို ထောက်ရှု့ခြင်းအားဖြင့် ပိုမို သိလာရပါသည်။ ထို့ကြောင့် ဤစာတွင် ဗမာ ဆိုသည့် ဝေါ်ဟာရကို ရည်ရွယ်ချက်ရှိရှိ ရေးသားခြင်း ဖြစ်ပါသည်။ (ချွင်းချက်။ ။နိုင်ငံရေး၊ အမျိုးသားရေး စိတ်မ၀င်စားသည့် ဗမာတစ်ယောက်နှစ်ယောက်ကတော့ တိုင်းရင်းသား မုန်းတီးစိတ်မရှိသလို စာနာစိတ်လည်း ကင်းတာမျိုးတော့ ရှိပါလိမ့်မည်။)
မကျေနပ်သူများ ရှိပါက nothingboy@gmail.com ကို စာရေးပြီး ဝေဖန်နိုင်ပါသည်။

Source:Shadang Naura (Facebook) .

20 November 2011

TONZANG SB.BAWM KHAI BEH PAWI

TONZANG SB.BAWM KHAI BEH PAWI

TONZANG SB.BAWM KHAI BEH PAWI

TONZANG SB.BAWM KHAI BEH PAWI

TONZANG SB.BAWM KHAI BEH PAWI

TONZANG SB.BAWM KHAI BEH PAWI

MYANMAR CHRISTMAS SONG


KEI NANG A HING

THAWNKHAM

VANG KHUA NUN NUAM

PHUAK/SA;..THA KHAI

TON ZANG GAM SUNG THU PIANG

 Tonzang ah Meitei ( ကသည်းသူပုန် ) te hong om zawh uh pen sau vei mahmah ta mawk hi.... Khua no lam ah a om uh pen kum 10 val ta hi.. tu lai tak aa a om na-uh pen a diak inThuambual,Senam,Khuangkhan,Lehnakot, Mualpi,Nakzang,Tonzang... cih te' khua kim phial ah Meitei te' tam mahmah uh hi.. Nidang in Lenhakot khua lam bek ah om uh a, singnuai ah inn lam un teng uh hi... Tun ah khua sung teng ah inn sap un, nop ci zizen phial mawk ta uh hi. .. ki inn tek sak mahmah ta uh a, khua sungmi te' sang khua sung misuah zaw ta uh hi.
a lauhua mahmah thu khat ah, ki lemloh na khat bang khat nei leng pen....hong thatngam ding uh hi mawk hi. tua a hih teh hi pen ei kumpi te' kiangah Ong hawl khiat sak un, cih loh ding a dang om lo hi.

Tu laitak aa aom na uh Thuambual khua pan a gamla lo ah inn lam uh a, nop tak in om uh hi. tua kim ah kua mah pai sak lo uh a a pai a om leh man uh a, sat (50) vei a nung zang sat uh hi. nungkum sung in Thuambual te' mi nih gam vak uh aa a sakap na-uh pen Meitei te tawh ki nai pian a hi tam maw.. Meitei te' n man uh aa sun khat leh zan khat an zong pia lo tui zongpia lo uh hi.. Khua hausa pa in a va thum ciang in suak ta sak pan hi. sat(50) vei tuak ki sat a hih man un, kha 3 sung bang mah sem zo lo, lup na tung ngak uh hi. hi thu pen Hausa pa in kumpi lam ah a gen hang in bang mah cih se lo uh hi. thu nei peuh mah uh hi.

nung kum sung mah in Khuangkhan khua aa sangsia a sem khat sat gawp uh hi.a hang pen Meitei te' ah antang tuibuk a ki sambangbang sakol tawh pua zel uh hi. sakol a om loh teh khua sung aa mi om teng sam in sum hong pia ding hi ung, hong puak sak un ci uh hi. khua sungmite a om loh teh sangnau pang te' zong samthei zel uhhi. ni khat khua sung ah kua mah om lo, lo ki kuan kian a hih man in sangnau pangte' bek om uh a, a sia pa kiang ah na sangnau pang te hong zangsak in sum hong pia ding hi ung, ci in sam hi. sum lah pia tuan lo bang mah pia tuan lo uh a, van puak ding teng a zawh uh teh ciah sak kik hi. khat vei sam kik leuleu a sangsia pa in sum zong hong pia kei uh teh bang mah lah hongpia kei uh teh ka sangnau pang te lai sim zong ki pelhlua hi mi dang na cial un a cih leh , man pah uh a sat (50) vei sat uh hi. sangsia pa in kumpi lam ah a gen hang in bang mah ki cih tuan lo hi.

Zomi hi in na cih nak leh .. Zogam hong khul hong ngai dih vevua...

Ei gam ei lei ah nam dang te' mun hong la ta uh....                              

MYANMAR CHRISMAS SONG

NANG LO

CING PI

LUNGDEIH NU

19 November 2011

NGAIH NA MIT HI

MAXXY MINTHANG

MANG THA

MAMI VARTE MIZO

NANG NA ZUANG LO MAW?

THAWN KHAM

THA CHIN LAY KO CHIT DAR LAR DOE KO CHIT DAR LAR

HAY MAR NAY WIN

LOVELY EYES IN MY DREAM

RINGO

MYANMAY VIDEO SONG

EAIN PYAY

ZOMI VIDEO SONG

A LWAN MYAR

LAY PHUY

MYANMAR VIDEO SONG

KABYAR BUAIH HMUU ;A HAUNG SAING

Malay song

mayangsari-tia da lagi

ZOMI SONG

THAWN KHAWM-ZO GAM AW

MYANMAR VIDIO SONG

EQUALTO DY KAUNG KAUNG
MI ZO HMA NGAIH NA

18 November 2011

TONZANG KHUA AH THU PIANG

5/11/2011 Ni in tonzang khua khua a teng PA KHAM PI te inn sap mei tei sing nuai mi te khat a ma za nuai a pa tai sim a hih man in,kei leh kei ki kap kei leng ong ki kap lum ve ve ding ci in a mah leh a mah thau tawh ki kap hi.Si pah lo in Tonzang za to pi ah ki puak aa,zatui thawl pi 6 bang a bei ciang in si pan hi.Hih thu hang in TONZANG khua sung a om nu/pa sang gam u leh nau a kua mah peuh ki dip kua in ki ling lawng mah mah hi.A mau leh a mau a ki kap ngam mi nam in nam dang mi te ong kap ngam mah mah ding cih a ki ngaih sut ciang in ki lung hi mawh mah mah hi.Mei tei mi nam te pen tonzang khua sung bek hi lo in CIKHA khua lam ah zong tam pi om cih ki za hi